Castle in the Time (2023)
9.2
Price - 1900Ks
မြန်မာစာတန်းထိုး
Episode 1 - 38
Memory – 19 GB
Runtime : 1 hour
Video Format : 1080 P
Genres : Comedy Series, Drama Series, Romance Series,

Trailer

ခေါင်းဆောင်မင်းသားအနေနဲ့ Zhang Zhehan နဲ့အတူ ‌
ကိုရီးယား မင်းသမီးလေး Park Min-young တို့က အတူတွဲဖက်သရုပ်ဆောင်ထားပါတယ်
ရှေးဟောင်းသက်ရှိဗေဒပရော်ဖက်ဆာရွှီနဲ့ ပြည်တွင်းနာမည်ကြီးဒါရိုက်တာကျန်းဝမ်ထင်တို့ရဲ့သမီး
ရွှီကျန်း(Park Min-young)တစ်ယောက် အစာအိမ်ကင်ဆာ‌နောက်ဆုံးအဆင့်ဖြစ်‌နေတဲ့
အဖေ့ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးနိုင်ဖို့ ကွာရှင်းထားတဲ့မိဘနှစ်ပါးကို
ပြန်လည်ပေါင်းစည်းအောင်ကြိုးပမ်းရင်း နိုင်ငံခြားရပ်ခြားမှာနာမည်ကြီးပြီး
ဆုတွေအများကြီးရထားတဲ့ သရုပ်ဆောင်ကုချီကျွင်း (Zhang Zhehan)နဲ့
အမှတ်မထင်ဆုံတွေ့ရာကနေဇာတ်လမ်းလေးစတင်ခဲ့ပါတော့တယ်
နာမည်ကလည်းကြီး သရုပ်ဆောင်ကလည်းကောင်း ပြည်တွင်းက
ဖျော်ဖြေရေးကုမ္ပဏီတွေရဲ့ကမ်းလှမ်းချက်တွေကို ငြင်းချထားတဲ့
မောက်မာတဲ့မင်းသား ချီကျွင့်နဲ့ သွက်လက်တက်ကြွပြီးချစ်ဖို့ကောင်းတဲ့
ကောင်မလေးရွှီကျန်းတို့ ဆုံတွေ့ပုံကဆန်းကြယ်ချက်……….
ကိုက်ယာကုမ္ပဏီရဲ့ဒါရိုက်တာလည်းဖြစ်တဲ့ မိခင်ဖြစ်သူကိုလာရှာတဲ့ရွှီကျန်းနဲ့
သူမကိုတွေ့တာနဲ့သွေးနားထင်ရောက်နေတဲ့ ချီကျွင်းက သူ့နောက်ကို
တစ်ကောက်ကောက်လိုက်နေတဲ့ပါပါရာဇီလို့ထင်သွားပါလေရော
အဲ့ဒါတင်မပြီးသေးဘဲ သူ့ရဲ့ exဖြစ်တဲ့ မင်းသမီးချင်ကျစ်ချင်းက
သူ့ကိုခါးခါးသီးသီးငြင်းလိုက်တဲ့ကိစ္စကို ရွှီကျန်းကသိသွားတာကို
ချီကျွင့်တစ်ယောက် သတိထားမိသွားပြီး မိုးမီးလောင်မတက်လိုက်ရှာရာကနေ
ဇာတ်‌လမ်းလေးအရှိန်တက်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို
မင်းသားမင်းသမီးတွေကလည်းအထူးမိတ်ဆက်စရာမလို
CMကနေ ကြည့်စေချင်တဲ့စေတနာများစွာနဲ့
တင်ဆက်ပေးထားတာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်

Post
Park Min-Young
Post
Zhehan Zhang

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top