Chief Detective 1958 (2024)
8.0
Price - 1000Ks
မြန်မာစာတန်းထိုး
Episode 1 - 10
Memory – 11 GB
Runtime :
Video Format : 1080 P
Genres : Crime Series, Drama Series, Mystery Series,

Trailer

ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမဲ့Drama လေးကတော့
Chief Detective 1958 ပဲဖြစ်ပါတယ်။ ဒီ Drama ဟာ 1971ကနေ 1989အထိ
ကိုရီးယားနိုင်ငံအတွင်းမှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Chief Inspector ဆိုတဲ့ Series ရဲ့ Prequel
ဇာတ်လမ်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Taxi Driver မင်းသားလို့ပြောလိုက်ရင်
မသိသူမရှိတဲ့ မင်းသား Lee Je Hoonနဲ့ Reply 1988 ဇာတ်လမ်းတွဲမှာ မြန်မာပရိသတ်တွေရင်းနှီးပြီးသား
အတည်ပေါက်နဲ့နောက်တဲ့မင်းသား Lee Dong Hwi တို့အပြင် အခြားသော
နာမည်ရသရုပ်ဆောင်များစွာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။
Park Young-Han (Lee Je Hoon) ဟာ ငယ်ရွယ်ထက်မြက်တဲ့
စုံထောက်တစ်ယောက်ဖြစ်ပြီး သူခိုးကြမ်းပိုး ဒုစရိုက်သမားတွေကို နှိမ်နင်းတဲ့နေရာမှာ
တော်လွန်းတဲ့စုံထောက်တစ်ယောက်ပါ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းက ပိုကြီးမားတဲ့ပြဿနာတွေဖြစ်တဲ့
အကျင့်ပျက်ခြစားမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ရင်ဆိုင်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
အဲဒီအခါမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် စုံထောက်တွေဖြစ်တဲ့Jongnamရဲစခန်းရဲ့
ခွေးရူးလို့ခေါ်ကြတဲ့ Kim Sang-sun (Lee Dong-hwi) , ရုပ်ချောရေလျှံ စုံထောက်လေး
Cho Kyung-hwan(Choi Woo-sung), စခန်းထဲကထိပ်တန်းစုံထောက် Seo Ho-jeong(Yoon Hyun-soo) တို့နဲ့
အတူအမှုတွေ ပူးပေါင်းဖြေရှင်းကြပါတော့တယ်။
ဒီဒရာမာဟာ ပုံမှန်တွေ့ဖူးနေကျ စုံထောက်ကားတွေလိုမဟုတ်ဘဲ
1958ခုနှစ်ကို အခြေတည်ရိုက်ကူးထားတာဖြစ်တာကြောင့် အခုခေတ်မှာလို
ခေတ်မီဆန်းသစ်တဲ့ စစ်ဆေးရေး နည်းပညာတွေ CCTV တွေမရှိတဲ့ ကာလမှာ
စုံစမ်းထောက်လှမ်းကြပုံတွေ ၊တွေးတော ကောက်ချက်ချကြပုံတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Post
Lee Je-Hoon
Post
Seo Eun-su
Post
Lee Dong-hwi
Post
Yoon Hyun-Soo
Post
Ko Sang-ho
Post
Daniel Joey Albright

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top