BEGINS ≠ YOUTH (2024)
9.1
Price - 1000Ks
မြန်မာစာတန်းထိုး
Episode 1 - 12
Memory – 10 GB
Runtime :
Video Format : 1080 P
Genres : Drama Series,

Trailer

ဒီ Seriesကတော့ ARMY တွေအားလုံးသိကြတဲ့ BTS Universe
Save Me webtoon ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
Story line ကိုတော့ Save Me MV မှာတွေ့ဖူးကြမှာပါ။
အခက်အခဲကိုယ်စီရှိကြတဲ့ လူငယ်လေး ၇ ဦး
လွှတ်တော်အမတ်ရဲ့သားတစ်ယောက်လည်းဖြစ် ရုပ်ရည်ကလည်းကြည့်ကောင်း
အားလုံးအမြင်မှာပြီးပြည့်စုံတဲ့ဘဝကြီးပိုင်ဆိုင်ထားရတဲ့ကောင်လေးဆိုပေမဲ့
လက်တွေ့မှာ ဘဝကြီးကို အဖေပုံသွင်းတဲ့အတိုင်းနေထိုင်ရပြီးတော့
ကိုယ့်ခံစားချက်ကိုထုတ်ဖော်ခွင့်မရတဲ့ Kim Hwan၊
စကားသိပ်မပြောပေမဲ့ နွေးထွေးတဲ့စိတ်ထားရှိတဲ့ကောင်လေး Min Cein
အမေက သူ့အတွက်အရာရာဆိုပေမဲ့ လူတိုင်းက အမေ့ကိုသတ်ပြီး
အိမ်ကိုမီးရှို့ကောင်ဆိုပြီး ​ဆိုးဝါးတဲ့ကောလာဟလတွေဖြန့်ကြတယ်။
ဒီလိုကြုံတွေ့ရတဲ့သူ့အတွက် စိတ်သက်သာရာရစေတာ ပီယာနိုတီးခြင်းပါပဲ။
အကကရတာနှစ်သက်ပြီး အကောင်းမြင်စိတ်ရှိတဲ့ Jung Hosu က
တချိန်တည်းက ကစားကွင်းထဲမှာ ပစ်ထားခံခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။
တာဝန်ယူစိတ်အပြည့်အဝရှိတဲ့ Kim Dogeon
ဆင်းရဲတဲ့မိသားစုကြောင့် စောစောစီးစီးရင့်ကျက်သူဖြစ်လာတဲ့ခဲ့တဲ့သူ
ကျောင်းစာတစ်ဖက် အလုပ်တစ်ဖက်လုပ်နေပေမဲ့လည်း
ကျောင်းစာမှာလည်းအမြဲတမ်းအမှတ်ကောင်းကောင်းရနေသူ၊
တောက်ပတဲ့အပြုံးလေးရှိတဲ့ Park Haru
ငယ်ငယ်တုန်းဖြစ်ခဲ့တဲ့ အကြောက်တရားကြောင့်
သူ့ကိုယ်သူဘယ်သူလဲဆိုတာအမြဲတမ်းမေးခွန်းထုတ်နေတတ်ပြီးတော့
မိသားစုတွေနဲ့အလိမ်အညာစကားတွေနဲ့ ကာကွယ်ခံထားရတဲ့သူပဲဖြစ်ပါတယ်။
အရက်သမားအဖေနဲ့အတူတူနေရတဲ့ကောင်လေး
တစ်ချိန်တုန်းက ကြင်နာနွေးထွေးခဲ့တဲ့အဖေဖြစ်ပေမဲ့
မိခင်ဖြစ်သူ ထွက်သွားပြီးနောက်ပြောင်းလဲလာတဲ့အခါ..
တစ်ချိန်က ကြင်နာတဲ့အဖေ ပြန်ဖြစ်ဖို့ မျှော်လင့်နေသေးတဲ့ Kim Jooan..။
Insecure မိသားစုနဲ့ အတူတူနေရပြီးတဲ့နောက် သေခြင်းရှင်ခြင်းကို
Sensitive ဖြစ်နေတဲ့ Jeong Jaeha..။
သူတို့ရဲ့တွေ့ဆုံခြင်းက အစပိုင်းမှာ ပဋိပက္ခတွေရှိခဲ့ကြပေမဲ့လည်း
အချိန်ကြာလာတာနဲ့အမျှ ပိုပြီးရင်းနှီးလာကြတယ်။
ခရီးအတူတူထွက် တစ်ယောက်အခက်အခဲတစ်ယောက်ဝေမျှနားထောင်ရင်း
သူတို့အားလုံးမှာတူညီတဲ့မိသားစုပြဿနာရှိတာကိုသိသွားတဲ့အခါမှာတော့ ပိုပြီးတောင် ရင်းနှီးလာကြတယ်။
ဒီလိုလူငယ်လေး ၇ ယောက်ရဲ့ သူငယ်ချင်းဆက်ဆံရေးကို
ရိုက်ကူးထားတဲ့ Series လေးပဲ ဖြစ်ပါတယ်။

Post
Jung Hyun Noh
Post
Seo Ji-Hoon
Post
Kim Yoon-woo
Post
Woo-jin Jung

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top