The Tattooist of Auschwitz (2024)
8.0
Price - 600Ks
မြန်မာစာတန်းထိုး
Episode 1 - 6
Memory – 6 GB
Runtime :
Video Format : 1080 P
Genres : Drama Series, Historical Series, Romance Series,

Trailer

ဒီဇာတ်ကားကို World on Fire Series (2019)၊
Little mermaid (2023) လူသိများလာခဲ့တဲ့ သရုပ်ဆောင်ကောင်း
မင်းသားချော Jonah Hauer-King ခေါင်းဆောင်ပြီး
ရိုက်ကူးထားတာပါ။
၂၀၂၄ မေ ၂ ကမှ စတင် ထွက်ရှိထားပြီး IMDB နဲ့ Rotten
Tomatoes တို့မှာ review ကောင်း များစွာ ရထားတဲ့
အပိုင်း (၆) ပိုင်းပါ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။
ဒုတိယ ကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံမှာ ဂျာမန်နာဇီတွေ
ကြီးစိုးနေစဉ်အခါက အက်ရှ်ဝဇ်မှာ ဂျူးလူမျိုးတွေကို
ချွေးတပ်စခန်းတွေဖွင့် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့အချိန်ကို
နောက်ခံထား ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။
ဂျူးမိသားစုတွေ တစ်အိမ်ထောင်ကို တစ်ယောက် အလုပ်
စခန်းတွေ သွားရမယ်ဆိုပြီး အမိန့်စာကျလာချိန်မှာ အစ်ကိုနဲ့
အဖေကို မသွားစေချင်ခဲ့တဲ့ လာလီတစ်ယောက် သူကိုယ်တိုင်
သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရထားပေါ်ကနေ ဆင်းပြီးချိန်ကစ သူ့အတွက် လူ့ငရဲကို စပြီး
နဖူးတွေ့ ဒူးတွေ့ ကြုံဆုံခဲ့ရပါတော့တယ်။ အလုပ်တွေ ပင်ပန်းကြီးစွာ
လုပ်ပေးရပြီး မဝရေစာစား စားရတဲ့ ဂျူးတွေဟာ ရောဂါတွေဖြစ်ပြီး
သောက်သောက်လဲ သေခဲ့ကြတာပါ။
တိုက်ဖွိုက်ရောဂါနဲ့ သေကောင်းပေါင်းလဲဖြစ်တဲ့အထိ ခံစားခဲ့ရတဲ့
လာလီတစ်ယောက် သူပြန်သက်သာလာချိန်မှာ အသက်ဆက်ရှင်သန်ဖို့
အတွက် ရွေးချယ်ခဲ့ရတဲ့ အလုပ်က ဒီ အက်ရှ်ဝဇ် ချွေးတပ်စခန်းမှာ
ဂျူးအကျဉ်းသားတွေရဲ့ လက်မောင်းမှာ အကျဉ်းသားအမှတ်
တက်တူးထိုးပေးခဲ့ရတာပါ။
အသက်မသေဘဲ လွတ်မြောက်လာခဲ့ပေမယ့် အရိပ်လို
ခြောက်လှန့်နေတဲ့ စိတ်ဒဏ်ရာတွေ၊ အပြစ်မကင်း ရှက်ရွံ့
ခံစားရမှုတွေနဲ့ လာလီတစ်ယောက် သူမြင်တွေ့ ကြုံဆုံခဲ့ရတဲ့ ဖြစ်ရပ်တွေကို
အတိတ်ကို ပြန်ပြောင်း ပြောပြတဲ့ ပုံစံမျိုး ရိုက်ကူးတင်ဆက်ထားပါတယ်။

Post
Jonah Hauer-King
Post
Anna Próchniak
Post
Melanie Lynskey
Post
Harvey Keitel
Post
Jonas Nay
Post
Mili Eshet
Post
Avital Lvova
Post
Yali Topol Margalith
Post
Phénix Brossard
Post
Adam Karst

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top