The Regime (2024)
6.1
Price - 600Ks
မြန်မာစာတန်းထိုး
Episode 1 - 6
Memory – 8 GB
Runtime : 54 min
Video Format : 1080 P
Genres : Drama Series,

Trailer

ငယ်ဘဝရဲ့အချစ်ဦးတစ်ယောက်ဖြစ်ခဲ့တဲ့ Kate Winslet ကို
Domineering female characters အဖြစ် တွေ့မြင်ရမယ့်
HBOရဲ့ The Regime miniseries ဒီဇာတ်လမ်းတွဲထဲမှာတော့
Kateကို စိတ်ကူးယဉ်ဥရောပနိုင်ငံတစ်ခုက ဝန်ကြီးချုပ်အနေနဲ့
တွေ့မြင်ရမှာဖြစ်ပြီးတော့ နိုင်ငံရေးလောကကို သရော်ထားတဲ့
ဟာသစီးရီးလေးတစ်ခုဖြစ်ပါတယ်။
အယ်လီနာဟာ လောလောလတ်လတ် ရွေးကောက်ပွဲနိုင်ထားတဲ့
ဝန်ကြီးချုပ်ဖြစ်ပြီး လက်အောက်ဝန်ထမ်းတွေကြားမှာ
အလွန်ဇီဇာကြောင်တဲ့သူပေါ့။ ဒါပေမဲ့ နိုင်ငံရေးပါးဝတဲ့နိုင်ငံ‌ရေးသမားပီပီ
မျက်နှာဖုံးအတု အပြုံးအတု‌တွေနဲ့ တော်ကီကြွယ်တဲ့အယ်လီနာကို
ပြည်သူတွေကတော့ ချစ်ကြလေသတည်းပေါ့။
ဖြစ်ချင်တော့ ဒီနိုင်ငံမှာ ဒီမိုကရေစီအယောင်ပြနဲ့ မီနီအာဏာ
ရှင်လေးတွေက တက်တက်ပြီး အုပ်ချုပ်ထားတာဆို‌တော့
ခေတ်အဆက်ဆက်က အုပ်ချုပ်သူတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့်
အဘက်ဘက်ကဆုတ်ယုတ်နေပြီးတော့ ပြည်သူတွေအတွက်
ဝန်ကြီးချုပ်သစ်အယ်လီနာဟာ လမိုက်ညရဲ့အလင်းရှင်ပေါ့။
ပြည်သူတွေဘာနေနေ နိုင်ငံရေးလောကဆိုတာ ဖိုဝါဒီကြီးစိုးတဲ့
နေရာဆိုတော့ ခေတ်အဆက်ဆက် စားထားဝါးထားတဲ့
ဝန်ကြီးအပေါင်းက အယ်လီနာမကျေနပ်ကြပါဘူး။
နိုင်ငံလိုပဲ အဘက်ဘက်ကချွတ်ခြုံကျပြီး မှိုတက်နေတဲ့ နန်းတော်ကြီးကိုပါ
စိုထိုင်းဆတိုင်းပေးဖို့လူတစ်ယောက်အနေနဲ့ တပ်ကြပ်ဇူဘာ့ခ်ကို
အနားမှာထားဖို့ စီစဉ်လိုက်ပါတော့တယ်။
အပြင်ရောအတွင်းပါ အန္တရာယ်အသွယ်သွယ်နဲ့ စိတ်အခြေအနေကပါ
မတည်ငြိမ်တဲ့အယ်လီနာတစ်ယောက် ဇူဘာ့ခ်ရဲ့အကူအညီနဲ့
ပြဿနာပေါင်းစုံကြား သူ့ရဲ့အာဏာကို ဘယ်လိုတည်ဆောက်သွားမလဲဆိုတာ
ရှုစားကြပါဦး။

Post
Kate Winslet
Post
Matthias Schoenaerts
Post
Guillaume Gallienne
Post
Danny Webb
Post
Andrea Riseborough
Post
Henry Goodman
Post
David Bamber
Post
Rory Keenan
Post
Louie Mynett
Post
Martha Plimpton
Post
Stanley Townsend
Post
Michael Colgan

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top