Dhevaprom (2024)
8.9
Price - 3500Ks
မြန်မာစာတန်းထိုး
Season 1 - 5
Memory – 54 GB
Runtime :
Video Format : 1080 P
Genres : Mystery Series, Romance Series,

Trailer

၂၀၁၃ ခုနှစ် CH3ရဲ့ 46 နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ ထွက်ရှိထားပြီး
ထိတ်ထိတ်ကြဲcastတွေနဲ့ပွဲထုတ်ခဲ့တဲ့ Gentlemen of Jutathep ရဲ့ အတွဲ ၂ ကတော့
ဆယ်စုနှစ်တစ်ခုအကြာမှာ ပရိသတ်တောင်းဆိုချက်အတိုင်း ထွက်ရှိလာပါပြီ။
အရင်ဇာတ်လမ်းတွဲရဲ့အရှိန်အဝါကမသေးတာမလို့ ခုဇာတ်လမ်းတွဲမှာရော
အရင်ဇာတ်လမ်းရဲ့ဂုဏ်သတင်းကို ဆက်ထိန်းထားနိုင်မလားဆိုတာ ရှုစားလိုက်ပါစို့လား။

ဂျူထာထေ့ပ်မျိုးဆက်ဖြစ်တဲ့ ဖူသယ်နက် ဂျူ‌ထာထေ့ပ်က အဖိုးတန်ရတနာတစ်ပါးဖြစ်တဲ့
“အာဈနာချက္ကရာလည်ဆွဲ” ကို ထိန်းသိမ်းရဖို့ တာဝန်ယူထားရသူပေါ့။
အကြောင်းအရင်းကတော့ ဒီရှားပါးကျောက်မျက်ရတနာတွေနဲ့လုပ်ထားတဲ့ လည်ဆွဲကို
ဖူသယ်နက်ပိုင်တဲ့ JT Centerမှာ ခင်းကျင်းပြသထားလို့ပါပဲ။
အဖိုးတန်ရတနာပီပီ လိုချင်သူတွေက လောကတက်သူတွေ ဒုနဲ့ဒေးမလို့ လုံခြုံရေးအထပ်ထပ်ချထားရသူပေါ့။
ဒီလူတွေထဲက တစ်ယောက်ကတော့ လအွန်ကျန်ပါပဲ။

လအွန်ကျန်က ဒီလည်ဆွဲအတွက်နဲ့ပဲ ပြင်သစ်ကနေ ဘန်ကောက်ကိုပြန်လာတဲ့သူဖြစ်ပြီး
လည်ဆွဲခိုးဖို့ရည်ရွယ်ချက်နဲ့ပဲ ဖူသယ်နက်ရဲ့အတွင်းရေးမှူးအဖြစ် ချဉ်းကပ်လာတဲ့အခါ…
တစ်ဖက်က ဖူသယ်နက်ကလည်း အကြံသမားလေးဖြစ်တဲ့ လအွန်ကျန်ကိုမှ မြင်မြင်ချင်း အချစ်ကြီးချစ်မိလေတော့…

ရန်သူဖြစ်ဖို့ကံပါပေမဲ့ မျက်ကန်းအချစ်က သူတို့နှစ်ယောက်ကြားမှာ
ဇာတ်ဆရာအလိုကျ ဖြစ်တည်လာတော့ သူတို့ဘယ်လိုတွေရှေ့ဆက်ကြမလဲ
Action Romance Drama အပြင် Mystery‌ လေးပါ ရောစပ်ရိုက်ကူးထားတာဖြစ်လို့ ရှုစားလိုက်ကြရအောင်ပါ။

Post
Kanawut Traipipattanapong
Post
Yeena Salas
Post
Dom Hetrakul

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top