Blank The Series (2024)
9.0
Price - 600Ks
မြန်မာစာတန်းထိုး
Episode 1 - 6
Memory – 3 GB
Runtime :
Video Format : 1080 P
Genres : Drama Series,

Trailer

GL နှစ်လို့ ပြောရမယ့် ၂၀၂၄ ခုနှစ်မှာ အပြိုင်အဆိုင်ထွက်ကြမယ့် GL seriesတွေကိုကျော်တက်ပြီး Blankက ပွဲဦးထွက် ထွက်ရှိလို့လာပါပြီ။

အသက်ကွာတဲ့ပြဿနာ ဘာညာကွိကွလေးတွေရှိနေပေမဲ့ GAP the seriesရဲ့စာရေးဆရာရဲ့ လက်ရာကောင်းတစ်ပုဒ်ဖြစ်တဲ့အပြင်
GAPနဲ့ဆက်စပ်မှုရှိတာကြောင့် အတော်စိတ်ဝင်စားခံနေရတဲ့GL seriesဆိုလည်းမမှားပါဘူး။
မျိုးကြီးရိုးကြီးက ဆင်းသက်လာတဲ့ နန်းတော်မှာနေတဲ့ခွန်နွန်ဆိုတဲ့မိန်းကလေးဟာ အဘွားဖြစ်သူရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ကြီးပြင်းခဲ့ရသူပေါ့။
မြင့်မြတ်တဲ့မျိုးရိုးကနေ ဆင်းသက်လာသူပီပီ သူ့နဲ့ထိုက်တန်တဲ့သူမရှိဘူး၊
ဘယ်သူ့ကိုမှမချစ်တော့ဘူးဆိုပြီး မင်္ဂလာပွဲကနေ ထွက်ပြေးလို့ တစ်ကိုယ်တည်းတောက်ပဖို့ ရွေးချယ်ခဲ့တဲ့သူ…

အေးခဲနေတဲ့ ခွန်နွန်ရဲ့နှလုံးသားကို တံခါးလာခေါက်တာကတော့ ချစ်ဖို့‌ကောင်းတဲ့အမူအရာနဲ့
နွေးထွေးတဲ့နှလုံးသားနဲ့ ဆွေးရိပ်ထင်‌နေတဲ့မျက်ဝန်းပိုင်ရှင် ကလေးမလေးတစ်ယောက်၊
အားနွန်ကိုမှချစ်တာပါဆိုပြီး တဖွဖွပြောပြီး ပက်ကျိလေးလို တွယ်ကပ်နေတဲ့သူ…

ရေခဲရိုက်နှလုံးသားနဲ့ ရင်မခုန်တော့ပါဘူးဆိုတဲ့ မမကြီး၊
လူကပ်တာကိုမကြိုက်တဲ့ တစ်ကိုယ်တည်းနေရတာပျော်တဲ့မမက
မနူးမနပ်ကလေးမလေးကိုမှ အကြင်နာတွေပိုပြီး ရင်ခုန်မိတဲ့အခါ…

အသက်ကွာဟချက် မျိုးရိုးမြင့်အသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေကြား
ဒီအမျိုးသမီး‌လေးနှစ်ယောက်ကြားမှာ ပေါက်ဖွားလာမယ့်အချစ်ဇာတ်လမ်းကို
Faye-yokoအတွဲက ဘယ်လိုchemistryမိမိပုံဖော်သွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။

Post
Yoko Apasra Lertprasert
Post
Supaporn Malisorn
Post
Papichaya Prapatanan
Post
Marissa Lloyd

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top