True Detective (2014)
8.9
Price - 3000Ks
မြန်မာစာတန်းထိုး
Season 1 - 4
Memory – 26 GB
Runtime : 1 hour
Video Format : 1080 P
Genres : Crime Series, Drama Series, Mystery Series,

Trailer

စီစင်တစ်ခုစီက မဆက်စပ်ဘဲ သီးခြားဇာတ်လမ်း၊ ဇာတ်အိမ်နဲ့ဖြစ်ပါတယ်။ဝူဒီဟာရယ်ဆန်၊ မက်သယူးမက်ကော်နယ်တို့ခေါင်းဆောင်ပါဝင်ထားတဲ့ဒီစီးရီးဟာ 2014 primetime Emmy Award ရရှိထားတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။
IMDb Rating 8.9 နဲ့  Rotten Tomatoes 77% ရရှိထားပြီး ဒီစီးရီးက Rating ကြောင့် Plot ကြောင့်အပြင် ပါဝင်တဲ့မင်းသမီးတွေရဲ့ ဝတ်လစ်စလစ်ခန်းတွေကြောင့်လဲနာမည်ကြီးခဲ့ပါတယ်။ Season 1 မှာဆိုရင် မျက်ဝန်းလဲ့ပြာပြာနဲ့ Alexandra Daddario , Banshee စီးရီးရဲ့မင်းသမီးချော Lili Simmons နဲ့ Michelle Monaghan တို့လို မင်းသမီးတွေပါဝင်ထားပါတယ်။ဒါပေမယ့် မင်းသမီးတွေထက် မင်းသားကြီး Matthew McConaughey ကိုသာ ပိုမိုစွဲခိုက်မိသွားမှာ သေချာပါတယ်။
Matthew McConaughey က စုံထောက်ရပ်စ်တ်ကိုးလ် အဖြစ်လည်းကောင်း ၊ Now you see me တို့၊ venom တို့၊ The hunger games တို့က ဇာတ်ပို့မင်းသားကြီးဝူဒီဟာရယ်ဆန်က လူဝီစီးနီးယားပြည်နယ် စီအိုင်ဒီက စုံထောက်မာတင်ဟာ့တ်အဖြစ်လည်းကောင်း အတွဲအဖက်မိစွာ ကြည့်ရှုရမှာဖြစ်ပါတယ်။
season 1 မှာတော့ အသက် ၁၇ နှစ်အရွယ်မိန်းကလေးတစ်ယောက် သေဆုံးမှုအပါ် လိုက်ရတဲ့ လူဝီစီးနီးယားပြည်နယ်ရဲတပ်ဖွဲ့စုံထောက်နှစ်ဦးရဲ့ အားထုတ်မှုတွေအပေါ်ဇာတ်အိမ်တည်ထားပါတယ်။ အောက်လမ်းရိုးရာဆန်ဆန် ယုံကြည်သက်ဝင်မှုနဲ့ လူသတ်မှုကျူးလွန်သူရဲ့ဇာစ်မြစ်က်ို စုံစမ်းဖို့ တာဝန်ပေးခံရတဲ့ စုံထောက်နှစ်ယောက်အကြောင်း ပြန်ပြောပြတဲ့ပုံစံမျိုးနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ စုံထောက် မာတီဟာ့တ် တစ်ဖြစ်လဲ ဝူဒီဟာရယ်ဆန်နဲ့ ဆိုက်ကိုလို့အများစုက သတ်မှတ်ထားပေမယ့် စူးစူးစိုက်စိုက်စူးစမ်းလေ့လာတတ်တဲ့ ဂေါက်သီးဆန်ဆန် စုံထောက် ရပ်စ်တ်ကိုးလ်တစ်ဖြစ်လဲ မက်သရူးမက်ကော်နယ်တို့ လူဝီစီးနီးယားပြည်နယ် ကြံခင်းတစ်နေရာမှာ စိတ္တဇပုံစံ အောက်လမ်းဆန်ဆန် အသတ်ခံရတဲ့ မိန်းကလေးတစ်ယောက်ရဲ့သေမှုသေခင်းကို ဘယ်လို ဂွတီးဂွကျလိုက်ကြမလဲဆိုတာ ကြည့်ရှုကြရမှာပါ။
မိသားစုဘဝနဲ့ အေးအေးဆေးဆေးဘဝတစ်ခုဖြတ်သန်းနေတဲ့ မာတီဟာ့တ်နဲ့ လူဝီစီးနီးယားပြည်နယ် ရဲတပ်ဖွဲ့မှာ ဂွတီးဂွကျ၊ ဂေါက်သီးလို့ လုပ်ဖော်ကိုင်ဖက်တွေက သတ်မှတ်ထားတဲ့ နာမည်ကြီးစုံထောက် ရပ်စ်တ်ကိုးလ်တို့နှစ်ယောက်အနေနဲ့ သာမန်ထက်ထူးခြားတဲ့ စိတ္တဇဆန်ဆန်မှုခင်းတစ်ခုကို ဘယ်လိုပူးပေါင်းအဖြေရှာဖော်ထုတ်ကြမလဲ ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းထဲမှာ ကိုးလ်ပြောထားတဲ့ ဒိုင်ယာလော့ခ်တွေက ရူးကြောင်ကြောင်နိုင်တယ်ထင်ရပေမယ့် တကယ်တမ်းသေချာတွေးကြည့်လိုက်ရင် တကယ်အဓိပ္ပါယ်ရှိတဲ့ ဒိုင်ယာလော့ခ်တွေဖြစ်နေတာကိုလည်း နောက်ပိုင်းမြင်လာပါလိမ့်မယ်။ လူ့အသိုင်းအဝိုင်းနဲ့ အံဝင်ဂွင်ကျမဖြစ်တဲ့ စုံထောက်တစ်ယောက်နဲ့ လူ့အသိုင်းအဝိုင်းအတွက် နားလည်ရခက်တဲ့ စိတ္တဇကွင်းသတ်လူသတ်သမားတစ်ယောက်တို့ရဲ့ အားပြိုင်မှုကြား တွဲဘက်ဖြစ်တဲ့ ဝူဒီဟာရယ်လေရဲ့ပြောင်မြောက်တဲ့ အားဖြည့်သရုပ်ဆောင်မှုကြောင့် ဇာတ်လမ်းအပိုင်းတိုင်းမှာ curiosity arousing အပြည့်ဖြစ်တဲ့ ရသမျိုးကို တခြား thriller တွေနဲ့မတူ တမူထူးခြားစွာခံစားရမှာပါ။
သရုပ်ဆောင်တွေရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှု၊ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာမှုတွေအပြင် လုပ်ဖော်ကိုင်ဖက်ကြား၊ မိသားစုကြား ထားရှိအပ်တဲ့ ethics တွေအကြောင်းကိုလည်း ခပ်ပါးပါးလေး ထည့်ရိုက်ပြသွားတာကြောင့် ပညာပေးရသကိုလည်း ခံစားရမှာပါ။

Post
Vince Vaughn
Post
Colin Farrell
Post
Rachel McAdams
Post
Taylor Kitsch
Post
Matthew McConaughey
Post
Mahershala Ali
Post
Woody Harrelson
Post
Carmen Ejogo

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top