Masters of the Air (2024)
7.9
Price - 900Ks
မြန်မာစာတန်းထိုး
Episode 1 - 9
Memory – 5 GB
Runtime :
Video Format : 1080 P
Genres : Action Series, Drama Series, Thriller Series,

Trailer

ဒုတိယကမ္ဘာစစ်ရဲ့ နာမည်ကျော် အမေရိကန်လေတပ် အမှတ်-၈ (နာမည်ပြောင် Mighty Eighth) ရဲ့ ဖြစ်ရပ်မှန်စစ်ဆင်ရေးတွေကို အခြေခံပြီးရိုက်ကူးထားတဲ့ စီးရီးအသစ်ထွက်လာပါပြီ။ ဒီဇာတ်လမ်းရဲ့အဓိကတပ်ဖွဲ့ကတော့ အမှတ်-၈ လေတပ်လက်အောက်ခံ အမှတ်-၁၀၀ ဗုံးကျဲလေယာဉ်အုပ်နဲ့ နာမည်ကျော် ဘီ-၁၇ မိုးပျံခံတပ်အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဗုံးကျဲလေယာဉ်အုပ်ဟာ အကျအဆုံးများလွန်းလို့ သွေးချောင်းစီး-၁၀၀ လို့ နာမည်ပြောင်ပေးထားရတဲ့အထိ ရှေ့တန်းမှာ တိုက်ခဲ့ရတာပါ။ ဒီစီးရီးဟာ Band of Brothers နဲ့ The Pacific စီးရီးတို့နဲ့ ဖြစ်ရပ်ဆက်စပ်တာမို့ စီးရီး ၃ ခုပေါင်းပြီးကြည့်လို့ရတဲ့သဘောပါပဲ။ တကယ့်စစ်ကားကြီးတွေလို အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတာမို့ အတော်ကြည့်ကောင်းပါတယ်။ Band of Brothers ရဲ့ ဇာတ်ညွှန်းဆရာတစ်ယောက်ဖြစ်တဲ့ John Orloff က တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီး Elvis ရုပ်ရှင်ရဲ့မင်းသား Austin Butler ခေါင်းဆောင်ပါဝင်ထားပါတယ်။
 
ဒုတိယကမ္ဘာစစ် ဥရောပ စစ်မြေပြင်မှာ အမေရိကန် အမှတ်-၈ လေတပ်ပါဝင်တိုက်ခိုက်ခဲ့ပြီးအင်အား ၂ သိန်းအထိ ပါဝင်တာကြောင့် မိုက်တီး-၈ ဆိုပြီး နာမည်ပြောင်ပေးခံခဲ့ရပါတယ်။ စစ်ဆင်ရေးနဲ့အောင်မြင်မှုတွေအရမ်းများခဲ့သလို အကျအဆုံးကလည်း ဒုတိယကမ္ဘာစစ် အမေရိကန်တစ်နိုင်ငံလုံးရဲ့ လေတပ်ကျဆုံးဒဏ်ရာရသူ ၁၁၅၃၃၂ ယောက်ထဲမှာ အမှတ်-၈ တစ်ခုတည်းကနေ ၂၆၀၀၀ ကျော် ကျဆုံးပြီး ၂၀၀၀၀ ကျော် ထိခိုက်ခဲ့ပါတယ်။ သူရသတ္တိဆိုင်ရာ ဆုတံဆိပ်ပေါင်း ၄ သိန်းကျော်ရခဲ့သလို၊ ဗုံးပေါင်း တန် ၇ သိန်းလောက်ကျဲခဲ့ပြီး၊ လေယာဉ် ၅၀၀၀ ကျော် ပျက်စီးခဲ့တာပါ။ ဒုတိယကမ္ဘာစစ် စစ်ရှိန်အမြင့်ဆုံးကာလရဲ့ တိုက်ပွဲတွေကို အခြေခံရိုက်ကူးထားတာမို့ စစ်ကားကြိုက်သူတွေအတွက်တော့ ရေငတ်တုန်း ရေတွင်းထဲကျသလိုဖြစ်မှာပါပဲ။ ကြည့်လိုက်ကြပါ။

Post
Callum Turner
Post
Anthony Boyle
Post
Austin Butler
Post
Darragh Cowley
Post
Matt Gavan
Post
Jonas Moore
Post
David Shields
Post
Ben Radcliffe
Post
Jordan Coulson
Post
Stephen Campbell Moore
Post
Adam Long
Post
Elliot Warren

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top