Angels Fall Sometimes (2024)
8.1
Price - 1200Ks
မြန်မာစာတန်းထိုး
Episode 1 - 24
Memory – 14 GB
Runtime :
Video Format : 1080 P
Genres : Drama Series, Romance Series,

Trailer

Lin Yi ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် March လကတော့ တကယ်ကို
ပျော်စရာအကောင်းဆုံးလဖြစ်နေတော့မှာပါပဲ ။ Every one loves me ကိုပြနေတုန်းမှာပဲ
လင်ယိကောကောရဲ့ Angels fall sometime ဆိုတဲ့နောက်ထပ်ဇာတ်ကားအသစ်လေး
ထွက်ရှိလို့လာပြန်ပါပြီ ။ ဒီကားလေးထဲမှာ လင်ယိက Lin Tuo ဆိုတဲ့ကောင်လေးအနေနဲ့
ပါဝင်သရုပ်ဆောင်ထားပါတယ် ။
ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ –
Lin Tuo ဆိုတဲ့ကောင်လေးက သူ့ရဲ့လူငယ်ဘဝအစပြုနေတဲ့အချိန်မှာ ဂျူနီယာနှစ်
နွေရာသီအလုပ်သင်ခေါ်ယူခြင်း အစီအစဉ်မှာ ပါဝင်ရင်း An Zhi Yue ဆိုတဲ့ကောင်မလေးနဲ့တွေ့ဆုံခဲ့ပါတယ် ။
နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် မြင်မြင်ချင်းမှာပဲ ချစ်မိသွားခဲ့ကြပါတယ် ။
ဒီလိုနဲ့ ဘွဲ့ယူရမဲ့အချိန်ကလည်းနီးလာပြီး နှစ်ယောက်လုံးကလည်း ခံစားချက်တွေတည်ဆောက်ရင်း
တကယ့်လက်တွေ့ဘဝထဲမှာ အလုပ်တွေလုပ်ရင်းနဲ့ အနာဂတ်ကိုပုံဖော်အစပျိုးနေကြတဲ့အချိန်ပေါ့ ။
ဒါပေမဲ့ ဘဝကအမြဲတမ်း သာယာမနေတတ်ခဲ့ပါဘူး ။ အရာအားလုံးအဆင်ပြေနေပြီလို့
ထင်နေတဲ့အချိန်မှာပဲ Lin Tuo မှာ ALS လို့ခေါ်တဲ့ အာရုံကြောရောဂါတစ်မျိုးရှိနေကြောင်း
ဆေးစစ်ချက်အဖြေထွက်လာခဲ့ပါတယ် ။ ဒါပေမဲ့ စိတ်ဓာတ်မာကျောတဲ့ Lin Tuo က ‌
ရောဂါကသူ့ဘဝကို ဘယ်လောက်ပဲ အညွန့်တုံးသွားပါစေ သူကတော့ ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ် ။
ဒီလိုရောဂါဖြစ်နေတဲ့ Lin Tuo တစ်ယောက် ကံကြမ္မာကိုအလျော့မပေးဘဲ
ဘယ်လိုရှေ့ဆက်သွားမလဲ ? ချစ်သူလေးကရော သူ့ကိုဘယ်လိုအဖော်ပြုပေးမလဲ
ဒါမှမဟုတ် နှစ်ယောက်ကြားက တည်ဆောက်ထားတဲ့အချစ်တွေကရော
တည်မြဲနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာ
ကြည့်ရှုရမှာပဲဖြစ်ပါတယ်ရှင့် ။ စောင့်ကြည့်ကြဖို့ မမေ့ပါနဲ့နော် ။

Post
Landi Li
Post
Chao Jiang
Post
Jie Liu

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top