Hustlers (2024)
8.1
Price - 500Ks
မြန်မာစာတန်းထိုး
Episode 1 - 5
Memory – 4 GB
Runtime :
Video Format : 1080 P
Genres : Biography Series, Drama Series, Family Series,

Trailer

IMDb – 8.3/10 Amazon miniTVကနေ ထုတ်လွှင့်ခဲ့တဲ့ အလန်းစား မီနီစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။
အပိုင်းငါးပိုင်းပါဝင်ပြီး ကြည့်ရှုသူအပေါင်း မပျင်းရအောင် ဆွဲခေါ်သွားနိုင်မဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ အခြေသတင်းကြီးတဲ့ အိန္ဒိယရဲ့ အိုင်စီအီးဆိုတဲ့ အင်ဂျင်နီယာကျောင်းကြီးကို အိန္ဒိယပရိသတ်အတော်များများ သိပြီးဖြစ်မှာပေါ့။
တစ်နိုင်ငံလုံးက ထိပ်သီးကျောင်းသားကျောင်းသူတွေပဲ တက်ခွင့်ရတဲ့ အင်ဂျင်နီယာကောလိပ်။ ထုံးစံအတိုင်း ဖရက်ရှာကျောင်းသားလေးတွေကနေစတဲ့ ဇာတ်လမ်း။ မာနို့ဂျ်နဲ့ ဆန်ဂျေးဆိုတဲ့သူငယ်ချင်းနှစ်ယောက်။ ညီအစ်ကိုတွေလောက်ထိ သံယောဇဉ်ဖြစ်သွားကြသူတွေ။ ဆန်ဂျေးက ကိုတာဆိုတဲ့မြို့လေးကနေ ကျောင်းလာတက်တဲ့သူ။သင်ရိုးစာအုပ်ထဲက အဓိပ္ပါယ်ဖွင့်ဆိုချက်တွေထက် လက်တွေ့ဘ၀မှာအသုံးချဖို့ကို သင်ကြားလိုသူ။အိန္ဒိယတစ်နိုင်ငံလုံးမှာ သူ့နာမည်ပြောလိုက်တာနဲ့ လူတိုင်းသိနိုင်တဲ့အထိ ကျော်ကြားမှုမျိုးကို ရည်မှန်းထားတဲ့သူ။
တစ်နေ့ကို ၁၈နာရီစာကြည့်ဖို့တွန်းအားပေးတဲ့အဖေတစ်ယောက်ကြောင့် စိတ်ညစ်နေရသူ။ မာနို့ဂျ်မိဘတွေကကျ ပြောင်းပြန်။ 3Idiotsရုပ်ရှင် ကြည့်ထားပုံရ။ သားကို အခန်းလိုက်ပို့တဲ့ ပထမဆုံးနေ့မှာပဲ မျက်နှာကျက်ကပန်ကာ ဖြုတ်သွားလေရဲ့။ မှာသွားသေးတယ်၊ စာမေးပွဲမအောင်လည်း ရွာပြန်ခဲ့ ဘာမှမဖြစ်ဘူးတဲ့။မာနို့ဂျ်က သင်ရိုးစာအုပ်ကို အာဂုံဆောင်ထားတဲ့သူ။ စာမေးပွဲမှာ သင်ရိုးထဲကဟာပဲမေးမှာ အပြင်ဟာစိတ်မဝင်စားဘူးတဲ့။ သူ ကောလိပ်လာတက်တဲ့ ရည်ရွယ်ချက်က အတော်ကြီးမားတယ်။ ပွတ်လုံးချောဖို့တဲ့၊ ရှစ်တန်းကတည်းက အင်ဂျင်နီယာကျောင်းတက်ဖို့ ဆုံးဖြတ်ပြီး မိဘတွေမျက်နှာမြင်ယောင်ပြီး မကောင်းတာစိုးစဉ်းမှမလုပ်ခဲ့သမျှ ကောလိပ်မှာ အပီချောဖို့တွေးထားတဲ့သူ။
ဒီလိုငရှုပ်နှစ်ကောင် ဘယ်လိုတွေမွှေပြီး ဆန်ဂျေးရဲ့ ရည်မှန်းချက် အောင်မြင်မလားဆိုတာကို တစ်စက်မှ မပျင်းရအောင် တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးဗျ။

Post
Vishal Vashishtha
Post
Sameer Kochhar
Post
Anjali Barot
Post
Swati Verma
Post
Pratik Yadav
Post
Maharshi Dave

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top